။ ယနေ့ နံနက်ခင်းဩဝါဒကထာ(စကား)။

။ တိုးတက်သည့်ခေတ်စနစ်ကို သတိထားပါ။။ လူ့ကျေးဇူးတရားကို မမေ့ပါနှင့်။။ လူ့ဂုဏ်သိက္ခာကို မညှိုးမှိန်စေပါနှင့်။။ လူ၌ အသိဉာဏ်တရားပြည့်ဝစွာရှိ၏။။ ဆင်ခြင်စဉ်းစားဉာဏ်တရားရှိ၏။။ အတိုင်းမသိ လျှို့ဝှက်နက်နဲမှုကိုသိ၏။။ သိမြင်နိုင်စွမ်းရှိသူများဖြစ်၏။။ ဖော်ထုတ်နိုင်သော စွမ်းရည်ပြည့်ဝသူဖြစ်၏။။ ရပ်တည်ကာကွယ်ပေးနိုင်သူများဖြစ်၏။။ အသိဉာဏ်အရာ၌ မြင့်မြတ်စင်ကြယ်သူများဖြစ်၏။။ ထို့ကြောင့် လူ၌လူသည် အဓိကသတ္တဝါကြီးဖြစ်၏။ တောင်ကလေးဆရာတော်(၁၃.၄.၂၀၂၀) ရက်နေ့နံနက်။